မိတ္ထီလာ ၂ ဒီဇင်ဘာ
မိတ္ထီလာခရိုင်အတွင်း၌ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာမှ နိုဝင်ဘာလအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၁၆ စီးဖမ်းဆီးရမိကြောင်း အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)ရုံးမှ သိရသည်။
မိတ္ထီလာခရိုင် အမှတ်(၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် မိတ္ထီလာမြို့တွင် ယာဉ် အသွားအလာများသည့်နေရာများ၊ သာစည်မြိုပေါ်နှင့် ဥပဒေနှင့် မလွတ်ကင်းသည့်ပစ္စည်းများ ပါဝင်ခြင်းရှိမရှိ ရှာဖွေစစ်ဆေးသည့် X-ray စက်အနီး ယာဉ်လမ်းရှင်းလင်းရေးနေရာများ၊ ဝမ်းတွင်း၊ မလှိုင်မြို့ပေါ် ယာဉ်အသွားအလာများနေသည့် နေရာများတွင် နေ့စဉ် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မသင်္ကာသည့် မော်တော်ယာဉ်များအား ရပ်တန်းစစ်ဆေး ခြင်းများပြုလုပ်ပြီး ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတန်းများ ပြသနိုင်ခြင်းမရှိပါက နယ်မြေခံရဲစခန်းများတွင် ပို့ကုန်သွင်းကုန် ပုဒ်မ(၈)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ရန်နိုင်က ပြောကြားခဲ့သည်။
အမှတ်(၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် မိတ္ထီလာခရိုင်အတွင်း ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရာမှ နိုဝင်ဘာလအတွင်း၌ မိတ္ထီလာမြို့နယ်မှ လိုင်စင်မဲ့မော်တော်ယာဉ် (၅) စီးနှင့် သာစည်မြို့နယ်မှ (၁၁)စီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


