မိတ္ထီလာ ၃ မတ် 

 


မိတ္ထီလာခရိုင်တွင် အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ်နှင့် ဒေသတွင်း ကုန်ထုတ်မှုမြှင့်တင်ရေးစီမံကိန်း     စတင်ခြင်းဆိုင်ရာ ရှင်းလင်းပွဲကို မတ် ၃ ရက် နံနက် ၉ နာရီက မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်ရှိ Hotel Htila Lake View တွင်  ကျင်းပကြောင်း သိရသည်။

 


အဆိုပါရှင်းလင်းပွဲတွင် အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ်နှင့် ဒေသတွင်း ကုန်ထုတ်မှုမြှင့်တင်ရေး စီမံကိန်းအကြောင်းကို စီမံကိန်းဒါရိုက်တာ ဦးဇော်ဝင်းက ရှင်းလင်းပြောကြားပြီး ဆက်လက်၍ စီမံကိန်း၏ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင် Mr.Yasu Hiromi ၊ စီမံကိန်းမန်နေဂျာ ဦးအောင်ကျော်စိုး၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ   လက်ထောက်စီမံကိန်းမန်နေဂျာ ဒေါက်တာမြင့်ဝေ၊ မန္တလေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးအောင်တို့က  စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ရွယ်ချက်များ၊ အကောင်အဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ရရှိလာမည့် အကျိုးရလဒ်များအကြောင်း ရှင်းလင်းပြောကြားသည်။

 


အဆိုပါစီမံကိန်းကို မယ်ညိုတောင် သစ်တောကြိုးဝိုင်းနှင့် အနီးပတ်ဝန်းကျင်ရှိ      မလှိုင်မြို ့နယ်နှင့် ဝမ်းတွင်းမြို ့နယ်မှ ညောင်ပင်သာ၊ ဘဏ္ဍာစိုး၊ ကံရွာ၊ နတ်စင်ကုန်း၊ ငါးတပုံ၊ မြောင်းတော်လှ၊ ပင်းတလဲ၊ ကုန်းကန်၊ သဖန်းပင်၊ လေးမျက်နှာ၊ တဲစု၊ မကျီးစု၊ တောင်ဆည်၊ တောင်ညို၊ သံဘို စသော ကျေးရွာပေါင်း ၂၄ ရွာတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနဲ ့အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ Global Environment Facility (GEF) ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၉ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

 


ချမ်းသာ (မိတ္ထီလာ)