မိတ္ထီလာ ၁၈ မတ် 


မိတ္ထီလာမြို့နယ်၌  (၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသက်(၈၀)နှစ် အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် နိုင်ငံတော်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်လှူဒါန်းသော မသန်စွမ်း အဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

1


ရှေးဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ် ဥက္ကဌ ဗိုလ်ချုပ် မြဝင်း(ငြိမ်း)နှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်တို့က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး  စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး (စည်ပင်ပြင်ပ) ဒုတိယဥက္ကဌ ဗိုလ်ကြီး နေလင်း(ငြိမ်း) နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်မှူး ကံဝင်း(ငြိမ်း)တို့က ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ် ဥက္ကဌ ဗိုလ်ချုပ် မြဝင်း (ငြိမ်း)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး နှင့် တာဝန်ရှိသူများက အသက်(၈၀)နှစ်နှင့်အထက် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင် (၁၂၅) ဦး၊ နိုင်ငံတော်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်လှူဒါန်းခဲ့သည့် မသန်စွမ်းအဖွဲ့ဝင် (၁၀၉)ဦး စုစုပေါင်း (၂၃၄)ဦးအတွက်  မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်မှ  ငွေကျပ်(၁၁၇၀ဝ၀ဝ)နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ငွေကျပ် ၅၅၆၅၀ဝ၀ စုစုပေါင်း (၆၇၃၅၀ဝ၀) တို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး ၎င်းအခမ်းအနားသို့ တက်ရောက်လာသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား အမှတ်(၁)တပ်မတော်ဆေးရုံ (ကုတင်-၅၀ဝ)မှ တပ်ဖွဲ့ဝင်များက ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ် ဥက္ကဌ ဗိုလ်ချုပ် မြဝင်း(ငြိမ်း)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အသက်(၈၀) နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံတော်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်လှူဒါန်းခဲ့သည့် မသန်စွမ်းအဖွဲ့ဝင်များ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


သိန်းမြင့်ကျော်(မိတ္ထီလာ)