မိတ္ထီလာ ၈ မေ
မိတ္ထီလာမြို့နယ် ကင်ပွန်းချုံကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီခွဲက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ နှစ်ထပ်ကျောင်းဆောင်နှင့် လူနေအိမ် (၇) လုံး အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် တပျော်ကျေးရွာအုပ်စု ကင်ပွန်းချုံးကျေးရွာမှ ဘုန်းတော်ကြီးကျောင်း အတွင်းရှိ သွပ်မိုး၊ အုတ်ကာ နှစ်ထပ်ကျောင်းဆောင်၏ အမိုးများလန်ခြင်း၊ ကျေးရွာအတွင်းရှိ လူနေအိမ် (၇) လုံး၏ အမိုးများလန်၍ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်၍ ပျက်စီးသွားသည့် နေရာများသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


