မိတ္ထီလာ ၃ မတ်
မိတ္ထီလာမြို့နယ်၌ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများအား လုပ်ငန်းခွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးသင်တန်းကို မတ် ၃ ရက် နံနက် ၁၀ နာရီက အောင်ဆန်းဓာတ်အားခွဲရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာ ဦးနေဦးက အမှာစကားပြောကြားပြီး ခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးယုမော်က လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများတွင် လက်တွေ့ တာဝန်ထမ်းဆောင်နေသည့် လိုင်းဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် ဌာန၏ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် နားလည်းသဘောပေါက်ပြီး လက်တွေ့လိုက်နာ ဆောင်ရွက်ရေး၊ တစ်ကိုယ်ရေသုံးကာကွယ်ရေး ပစ္စည်းများ (PPE) ကို စနစ်တကျ ဝတ်ဆင်အသုံးပြုပြီး လုပ်ငန်းခွင် လျှပ်စစ်အန္တရာယ် မဖြစ်စေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ လျှပ်စစ်မန်နေဂျာရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများအား လျှပ်စစ်လုပ်ငန်းဆိုင်ရာများ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


