မိတ္ထီလာ ၂၅ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၃၁/၁)ရှေ့ မြာကျေးရွာအုပ်စု တံတားဦးရပ်အနီးတွင် ယနေ့နံနက် ၃ နာရီခွဲခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

 

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ဒုတိယရဲအုပ်မြင့်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၂)စီးဖြင့် သွားရောက်ခဲ့ရာ ကားလမ်းညာဘက်ဘေးရှိ ဖုန်းတိုင်အား ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော Land Cruiser အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ပြီး ဆီယိုစိမ့်ရာမှ အင်ဂျင်အပူလွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။  ၃ နာရီ ၄၈ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၅၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ) အား မိတ္ထီလာမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ထီလာ ကိုငယ်လေး     

 

FB_IM