မိုးညှင်း ၅  မတ် 


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်လွယ်ခမ်းတောင် အက်စ်ကွေ့တွင် ယနေ့ နံနက်ပိုင်းက မိုးအနည်းငယ်ရွာသွန်းခဲ့သဖြင့် မော်ဟန်-လွယ်ခမ်းတောင် အန္တရာယ်အက်စ်ကွေ့တွင် ဆီသယ်ယာဉ်များ  အခက်အခဲနှင့် ကြုံတွေ့လျက်ရှိကြောင်း သိရသည်။


အဆိုပါလမ်းပိုင်းမှာ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းပိုင်း (National Highway NH/47) ကားလမ်းမမိုင်တိုင်အမှတ် (၁၈၁/၃) မိုင် လွယ်ခမ်းတောင် အန္တရာယ်အက်စ်ကွေ့နေရာဖြစ်ပြီး မိုးအနည်းငယ်ရွာသွန်းပါက ၁၂ ဘီးယာဉ်နှင့်အထက် ဆီဘောက်ဆာယာဉ်ကြီးများအတွက် သွားလာရာတွင် အခက်အခဲနှင့်ကြုံတွေ့နေရလျက်ရှိကြောင်း သိရသည်။


ထို့ကြောင့် ၁၂ ဘီးယာဉ်နှင့်အထက် ဆီဘောက်ဆာယာဉ်ကြီးများ သွားလာရာတွင် အဆင်ပြေစေရေးအတွက် မော်ဟန်ရွာဒေသခံများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလမ်းအား မိုးတွင်းကာလ မရောက်မီ ယခုကဲ့သို့ ပွင့်လင်းရာသီတွင် အချိန်မီပြုပြင်ရန်လိုအပ်ကြောင်း ဒေသခံများထံမှ သိရသည်။


နီတိုး