ဖာပွန်  ၈  မေ

မျိုးစေ့ဥပဒေနှင့် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပညာပေးသင်တန်းကို ယနေ နံနက် ၉ နာရီက ကရင်ပြည်နယ် ဖာပွန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn


 
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသက်ဆွေက မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန်၊ မျိုးစေ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နိုင်ရန်နှင့် ယင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ရန်၊ အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂလိကများက မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့သုတေသန ပြုလုပ်ခြင်းတို့တွင် ပါဝင်ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မျိုးစေ့ဥပဒေဆိုင်ရာ စာအုပ်များကို ပြည်နယ် မျိုးစေ့တာဝန်ခံ ဒေါ်အေးအေးက ပေးအပ်ရာ ဖာပွန်ခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးက လက်ခံခဲ့သည်။

 

mdn

 

အဆိုပါသင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ပြီး ပြည်နယ်မျိုးစေ့တာဝန်ခံက မျိုးစေ့ဥပဒေအကြောင်း သိကောင်းစရာများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

ကျော်ဝဏ္ဏ(ပြန်/ဆက်)