နေပြည်တော် ၇ မတ်
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ NGO/INGO/CSO အဖွဲ့အစည်းများ၏ စုံစမ်းလေ့လာမှုဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင်အမှတ် (I-13)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က အဖွင့်အမှာစကားပြောကြားပြီး စုံစမ်းလေ့လာမှုခေါင်းစဉ်ဖြစ်သည့် “မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံဆရာ၊ ဆရာမတို့၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများဆိုင်ရာ စုံစမ်းလေ့လာမှု” နှင့်စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးမြှင့်တင်မှုဆိုင်ရာ အချက်အလက်များ၊ ပညာရေးကဏ္ဍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လှုပ်ရှားနေမှုများ၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများ၊ ပညာရေးစနစ်သစ် ပိုမိုတိုးတက် ကောင်းမွန်လာရေးအတွက် ဆောင်ရွက်နေမှုများကို မေးမြန်းဆွေးနွေးကြသည်။
(သတင်းစဉ်)


