ရေတာရှည်  ၂ မေ 

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှမြို့ ရန်ကုန်-မန္တလေးရထားလမ်း အစုန်လမ်းပိုင်းတွင် ရွှေညောင်မှရန်ကုန်သို့ထွက်ခွာလာသည့် အမှတ်(၁၀)လူစီးကုန်ရထားသည် မေ ၂ ရက် နံနက် ၃ နာရီ ၂၅ မိနစ် မိုင်တိုင် ၂၀၁/၈ နှင့် ၉ အကြား ရထားလမ်းကူးအနီးအရောက်ကုန်းစိမ်းတွဲနှစ်တွဲ လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

စက်ခေါင်းမောင်း ဦးဌေးဝင်း မောင်းနှင်သည့် စက်ခေါင်းအမှတ် DF 2026 တွင် လူစီးတွဲ ၆ တွဲ၊ ကုန်စိမ်းတွဲ ၂ တွဲ၊ ဂတ်ဗိုလ်တွဲ ၁ တွဲ ပါရှိပြီး ကုန်စိမ်းများတင်ဆောင်ထားသည့် တွဲနှစ်တွဲ DAEWOO GBHV-40070  နှင့် GBHV 40323  တို့လမ်းအရှေ့ဘက်သို့ချော်ကျခဲ့ခြင်းဖြစ်သည်။ “လောလောဆယ်တော့အစုန်လမ်းပိုင်းခေတ္တပိတ်ထားပါတယ်။ တွဲတွေကို ဂျိုင့်နဲ့ပြန်မြှောက်ပြီး လမ်းပေါ်ပြန် တင်မှာပါ။ သိပ်တော့မကြာပါဘူး” ဟု  မြန်မာမီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

 

တွဲချော်ကျမှုကြောင့် ကုန်စိမ်းတွဲနှစ်တွဲနှင့်ဂတ်ဗိုလ်တွဲကိုဖြုတ်၍ ရထားမှာဆက်လက်ထွက်ခွာခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိ ကြောင်းသိရသည်။

 

ကိုလွင်(ဆွာ)