လှိုင်းဘွဲ  ၅ မေ 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင်ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက သွားရောက်ထောက်ပံ့ ပေးခဲ့သည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့က စစ်ဘေးရှောင်အိမ်ထောင်စု (၈၇၀)ပြည်သူ(၅၂၇၁)ဦးအတွက် ထောက်ပံ့ပေးသော ဆန်အိတ်(၁၇၇၀)၊ ဆီ(၇၅)ပုံး၊ ကြက်သွန်နီပိဿာ(၁၀၅၀)၊ အာလူးပိဿာ(၁၂၂၅)၊ အသားတုပိဿာ(၁၀၅၀)၊ ငရုပ်သီးတောင့်ပိဿာ (၁၈၀)၊ ပဲ (၇၅)အိတ်၊ အချိုမှုန့်ထုပ် (၃၂၄)၊ဆ ားအထုပ်ကြီး (၃)အိတ်တို့ကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်( ပြန်/ဆက်)