မိုင်းဖြတ် ၂၉ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပေးအပ်လှူဒါန်းသည့် နမ့်ယွန်းကျေးရွာအုပ်စု၊ နားအယ်-၂ကျေးရွာရှိ အိမ်ထောင်စု ၉ စုအတွက် အိမ်သုံးဆိုလာများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပေးအပ်လှူဒါန်းသည့် 80-W အိမ်သုံးဆိုလာ တစ်စုံလျှင် ကျပ်တစ်သိန်းငါးသောင်း တန်ဖိုးရှိ ဆိုလာ ကိုးစုံအတွက် ကျပ်တစ်ဆယ့်သုံးသိန်းငါးသောင်း တန်ဖိုးရှိ အိမ်သုံးဆိုလာ ၉ စုံကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က ကျေးရွာအုပ်စုချုပ်ရေးမှူးနှင့် နားအယ်-၂ ကျေးရွာ ရွာသူကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


