နေပြည်တော် ၁၅ ဇွန်

 

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၈) နာရီ၊ (၁၉) မိနစ်၊ (၁၈)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၅၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မိုင်းပန်မြို့၏ အနောက်တောင်ဘက်(၆)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၈.၃၂)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန