နေပြည်တော် ၁   ဒီဇင်ဘာ

 

မိုင်းရှူးမြို့နယ်၊ မိုင်းနောင်အခြေပြု လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီး-မိုင်းနောင်သွား ကားလမ်း ခလရ(၉)ဂိတ်ရှေ့၌ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်က ကျေးသီးမြို့ဘက်မှ မိုင်းနောင်မြို့ဘက်သို့ သီပေါမြို့၊ စက်စုရပ်ကွက်နေ အိုက်စိုး(၂၄)နှစ်ပါ ယာဉ်မောင်း  ကျား ၇ ဦး မောင်းနှင်ပြီး သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာနေ စိုင်းအောင်(၂၉)နှစ်ပါ  ကျား ၉ ဦး လိုက်ပါလာသော Three Crown ယာဉ်ပါ မော်တော်ယာဉ်(၇)စီးအား စစ်ဆေးရာ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း သိရှိရသောကြောင့် အိုက်စိုးပါ ၁၆ ဦးအား မိုင်းရှူးမြို့မရဲစခန်း က အမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားမှ  သတင်းရရှိသည်။

 

(သတင်းစဉ်)