မကွေး ၂ မေ
မကွေးမြို့ ထနောင်းရင်ခွင်စာပေဝိုင်းနှင့် အောင်ပွဲစံ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်ခဲ့သည့် နွေရာသီ ပညာဒါန ဂျပန်စကားပြော အခြေခံသင်တန်းဆင်း အမှတ်တရအဖြစ် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်တွင်းကြီး လမ်းတစ်လျှောက်နှင့် အဝေရာလမ်းထောင့်တို့မှ စတင်၍ စုပေါင်းအမှိုက်ကောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းကို ထနောင်းရင်ခွင်စာပေဝိုင်း ဥက္ကဋ္ဌ ဦးနိုင်ယုဝေ၊ အောင်ပွဲစံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြသန်းတို့၏ ဦးဆောင်မှုဖြင့် သင်တန်းသား၊ သင်တန်းသူ ၂၀ဝ ကျော်တို့ပါဝင်ကာ တောင်တွင်းကြီးလမ်းနှင့် အဝေရာလမ်းထောင့်မှ သစ္စာလမ်း၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့လမ်း၊ မင်းကြီးကန်တော်ကြီး ပတ်လည်တို့တွင် စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။
စုပေါင်းအမှိုက်ကောက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်နှင့်အတူ သဒ္ဓါရှင်ကူ လူမှုကူညီရေးအသင်းမှ အမှိုက်အိတ်များ၊ လက်အိတ်များ ထောက်ပံ့ပေးခြင်းအပြင် ရွှေတိုက်မုန့်တိုက်မှ မုန့်မျိုးစုံနှင့် သောက်ရေသန့်များလည်း ပါဝင်ကူညီလှူဒါန်းပေးကြောင်း သိရသည်။
ဝေဖြိုးလေး


