မကွေး၊ အောက်တိုဘာ-၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မ ကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် သစ်ရာကောက် - ကိုပင်လမ်းမှ ဖလံတောကျေးရွာလမ်း ဂဝံမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးက သစ်ရာကောက်-ကိုးပင်လမ်းမှ ဖလံတောကျေးရွာလမ်းဂဝံမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကိုကြည့်ရှု့စစ်ဆေးရာ မကွေးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦး၊ မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်ကိုကိုတို့က လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကိုရှင်းလင်း တင်ပြပြီးနောက် အင်ဂျင်နီယာချုပ်(မြို့ပြ) က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
မကွေးမြို့နယ် ဖလံတောကျေးရွာ၌ အရှည် တစ်မိုင် ၆ ဖာလုံ၊ လမ်းအကျယ် ၁၈ ပေ၊ ထု ၉ လက်မရှိသော သစ်ရာကောက်- ကိုးပင်လမ်းမှ ဖလံတောကျေးရွာ ဂဝံမြေခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံ ငွေကျပ် ၁၁၉ ဒဿမ ၃၅ သန်းဖြင့် မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများမှ တာဝန်ယူ ၍ ဇူလိုင်လ ပထမပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကြောင့် ဖလံတောကျေးရွာရှိ လူဦးရေ ၃၈၃ ဦးတို့၏ သွားလာရေးလွယ်ကူနေပြီဖြစ်ကြောင်း မကွေးမြို့ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကိုကိုထံမှ သိရသည်။
ကိုညို(ကျေးလက်)


