ပေါက် ၃၀ ဧပြီ
အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမကွေးတိုင်းဒေသ ကြီးဝန်ကြီးဦးမြင့်ဆွေနှင့် ပေါက်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ တွေ့ဆုံဆွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီး ဦးမြင့်ဆွေက မွေးဖွားလာသောကလေးများအား မွေးစာရင်းထုတ်ယူကိုင်ဆောင်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် ထည့်သွင်းရေး၊ အသက် (၁၀) နှစ်ပြည့်ပြီးပါက နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရေး၊ အိမ်ထောင်စုတစ်စုလျှင် အိမ်ထောင်စု လူဦးရေ စာရင်းတစ်ခုသာ ကိုင်ဆောင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက်ပိုမိုမကိုင်ဆောင် ရေးနှင့်ပတ်သက်၍ နိုင်ငံသား လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းက တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့် ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းဆွေး နွေးကြရန်ဖြစ်ကြောင်း၊ ထို့နောက် မြို့နယ်အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသောင်းဝင်းက မှတ်ပုံတင်ကတ်၊ အိမ်ထောင်စုစာရင်း လုပ်ကိုင်လိုသူများ သိရှိစေရန် လိုအပ်သည့် အချက်အလက်များကို အသေးစိတ်ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာ အုပ်စုများမှ ဒေသခံပြည်သူများက မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းနှင့်ပတ်သက်၍ လုပ်ကိုင်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို မေးမြန်းဆွေးနွေးကြရာ ဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး (ပေါက်)


