ချောက်  ၅ မေ 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဆားတောင်ကျေးရွာအုပ်စု မကျီးပင်တပ်ကျေးရွာ မြင်းသောက်ကန် ရေကန်တူးဖော်ပြုပြင်ပြီး အထိမ်းအမှတ်ဖဲကြိုးဖြတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်းတို့က မြင်းသောက်ကန်ပေါင်ပေါ်တွင် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်သည်။

 

4729

 

ထို့နောက် မကျီးပင်တပ်ကျေးရွာဓမ္မာရုံ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့မှ အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး ကရေကန်တူးဖော်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

4849

 

အဆိုပါ မြင်းသောက်ကန်အား ပြုပြင်ရာတွင် ကန်ပေါင်အလျား ၂၂၀ဝ ပေအား ကန်ပေါင် မြှင့်တင်ပေးခြင်း၊ ရေထုတ်ပြွန်၊ ရေတံခါးအရွယ်အစား ၁ ဒသမ ၅ ပေ × ၁ ဒသမ ၅ ပေ ပြုပြင်ပေးခြင်း၊ ရေပိုလွှဲအရွယ်အစား ၆၀ ပေ × ၆၀ ပေ ပြုပြင်ပေးခြင်း၊ ရေပေးမြောင်းအုတ်လိုင်နင် ပေ ၁၀ဝဝ ပြုပြင်ပေးခြင်း၊ မြေသားမြောင်း ပေ ၁၀ဝဝ ပြုပြင်ပေးခြင်းတို့အား မကွေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် စုစုပေါင်း ကုန်ကျငွေကျပ် ၉၂၇ ဒသမ ဝ၉ သိန်းဖြင့် ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

ကျော်မိုး (ပြန်/ဆက်)