မကွေး ၂၈ ဧပြီ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့် သုံးနှစ်တာ ကာလအတွင်း အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁၇၁၇၉)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၄၅၄၄)ဦး စုစုပေါင်း (၃၀၁၇၂၃)ဦး ဆောင်ရွက်ပေးခဲ့နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းစီမံချက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမအဆင့် စီမံချက်များဖြင့် ဆောင်ရွက်ပေးမှုအနေဖြင့် ရပ်ကွက်ပေါင်း (၂၀၈)ရပ်ကွက်၊ ကျေးရွာပေါင်း (၂၅၇၃)ရွာ၊ အခြေခံပညာကျောင်း (၁၃၁၂)ကျောင်းတို့တွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၉၅၃၅)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၈၁၇၈)ဦး စုစုပေါင်း (၂၀၇၇၁၃)ဦးတို့ကို ဆောင်ရွက်ပေးနိုင်သဖြင့် သုံးနှစ်တာကာလအတွင်း နိုင်ငံသားစိစစ် ရေးကတ်ပြားဆောင်ရွက်နိုင်မှုမှာ (၆၈.၈၄) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ခဲ့သည့် စီမံချက် (၅)ကြိမ် ရေးဆွဲဆောင်ရွက်ရာတွင် ခရီးစရိတ်အဖြစ် ကုန်ကျငွေကျပ် (၅၇၂၄၆၃၀ဝ)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ သာမန်အသုံး စရိတ်ရန်ပုံငွေမှ ထောက်ပံ့နိုင်ကြောင်း သိရသည်။
တတိယ(၁)နှစ်တာကာလ တိုင်းဒေသကြီးအတွင်း စတုတ္ထနှင့် ပဉ္စမစီမံချက်များ အပါအဝင် နိုင်ငံသားစိစစ်ရေးကတ်ပြား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အသက်(၁၀)နှစ်ပြည့် ၆၉၉၉၃ ဦး၊ အသက်(၁၈)နှစ်ပြည့် (၃၀ဝ၂၆)ဦး စုစုပေါင်း (၁၀ဝ၀၁၉) ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


