မကွေး ဇူလိုင် ၁၀

 

မကွေတိုင်းဒေသကြီး မကွေးမြို့နယ် သင်္ဘောဆိပ် ကျေးရွာတွင် ရေဘေးသဏ္ဌာန်တူ သရုပ်ပြလေ့ကျင့် ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကျင်းပ ရာ မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ သရုပ်ပြလေ့ကျင့်နေမှုများ ဆောင်ရွက်ရာတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ ပူးပေါင်းအဖွဲ့များဖြစ်သော လုပ်ငန်းအဖွဲ့အသီးသီးနှင့် အဖွဲ့အစည်းများက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လိုက်လံသတိပေးနှိုးဆော်ခြင်း၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင် သရုပ်ပြလေ့ကျင့်ခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများဖြင့် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရသည့် ရွာသူ၊ ရွာသားများအား ရှာဖွေကယ်ဆယ်ခြင်း၊ ကျေးရွာရှိ ထိခိုက်လွယ်သော သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များကို ကလေးသူငယ်များကိုသယ်ယူပို့ဆောင်ရေးယာဉ်မျာ သယ်ယူပို့ဆောင်ရေး ယာဉ်များဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ လှေတိမ်းမှောက်ပြီး ရေနစ်သူနှစ်ဦးအား ကြက်ခြေနီ အဖွဲ့က ရှေးဦးသူနာပြုစုခြင်းဖြင့် အသက်ကယ်ဆောင်ရွက်ပြီး လူနာနှစ်ဦးအား ပိုမိုစိတ်ချရသည့် ဆေးရုံသို့ ပို့ဆောင်ခြင်းများ၊ အသက်ကယ်အင်္ကျီဝတ်ဆင်ပုံ နည်းများ၊ သဘာဝဘေးဒဏ်ခံရသည့် လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသခြင်း၊ မြစ်ရေ ကြီးမြင့်လာပါက နီးစပ်ရာအရေးပေါ် စခန်းများသို့ ရွှေ့ပြောင်းရန် သရုပ်ပြလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ကျေးရွာသူ ကျေးရွာသားများအား အချိုရည်၊ မုန့်၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)