မြင်းခြံ ၂၀ မတ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြည်ကြီးခင်လူမှုကူညီရေးအသင်းမှ HIV / AIDS အကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းမြင့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအကြောင်း၊ မိမိတို့ဌာနကို လူထုအခြေပြုဌာနအဖြစ် ဆောင်ရွက်နေကြောင်း၊ ကလေးများအတွက် ပုံပြောခြင်း၊ အရုပ်ခေါက်ခြင်း၊ လူငယ်များအတွက် စစ်တုရင်ကစားခြင်း၊ စာအုပ်ဖတ်ခြင်းများနှင့် ပြည်သူများ အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးနေကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် ပြည်ကြီးခင်လူမှုကူညီရေးအသင်းမှ ဒေါက်တာ စည်သူမင်း (မြင်းခြံတာဝန်ခံ) က HIV / AIDS အကြောင်းကို ပြည်သူများသိရှိနည်းလည်အောင် ရှင်းပြခြင်း၊ တက်ရောက်လာသူများက မေးမြန်းလာမှုများကို ရှင်းလင်းပြော ကြားပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ HIV / AIDS အကြောင်း အသိပညာပေးဟောပြောပွဲကို အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဇော်မင်းနိုင် (မြင်းခြံ)