မကွေး အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဝမ်ချိုင်းအသေးစားစက်မှုလက်မှု လုပ်ငန်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဟိန်းထက်အောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဝမ်ချိုင်း အသေးစားစက်မှုလက်မှုလုပ်ငန်း တွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေလှောင်ကန်များ ဆောင်ရွက်ထားရှိခြင်း၊ မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ လျှပ်စစ်မီး သွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ် ဆေးဘူးများထားရှိ အသုံးပြုတတ်စေရေး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျ စွန့်ပစ်ရေးတို့ကို စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)


