မင်းလှ နိုဝင်ဘာ ၁၁

 

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်း၏ ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စတုတ္ထအကြိမ်အဖြစ် နိုဝင်ဘာ ၁၁ ရက်တွင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၁၃၄ ကျောင်းမှ KGကျောင်းသား ကျောင်းသူ ၁၅၃၇ ဦးအား အာဟာရကျွေးမွေးခြင်းနှင့်အတူ အဏုအာဟာရဖြည့်စွက်ကျွေးမွေးပြီး၊ အစာမစားမီနှင့် စားပြီးလက်ဆေးနည်းသင်ပြပေးခြင်း၊ စနစ်မှန်သွားတိုက်နည်း သင်ပြပေးခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများက ပညာရေးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)