မင်းလှ ၆ မေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း မေ ၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများတွင် လူနေအိမ် (၂၅)လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၆၇)လုံး အမိုးလန် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ခံရသည် နေအိမ်များအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားများက နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့ နေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)


