နေပြည်တော် ၂၈ ဧပြီ

 

၂၀၁၉ ခုနှစ်၊ ဧပြီ ၂၇ ရက် ည ၆ နာရီခန့်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မော်ရွာကျေးရွာနေ ဦးမောင်ကြာအောင်(၆၈)နှစ်၏ နေအိမ်ခြံဝင်းအနောက်ဘက် ချောင်းကမ်းစပ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စက်ယန္တရားများဖြင့် ရေမြောင်းတူးဖော်နေစဉ် ရေမြောင်းအတွင်းမှ အလျား(၁၂)လက်မ၊ လုံးပတ်(၁၂)လက်မခန့် ဗုံးသီးဟောင်း(၁)လုံးအား တွေ့ရှိခဲ့ကြောင်း သတင်းအရ မင်းပြားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN