မင်းတုန်း  နိုဝင်ဘာ  ၁၁

 

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် ပြည့်စုံမှန်ကန်စေရေးအတွက် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက ကြီးကြပ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စစ်ဆေး ဆောင်ရွက်ကြသည်။

 

ထိုသို့စစ်ဆေးရာတွင် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၅(က)အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပုံစံ(၁) ပူးတွဲ(၁)စာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး မှ ပုံစံ(၁) ပူးတွဲ(၂) စာရင်းအားရယူပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျပြည့်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချင်းကလေး(NRDC)