၂၆ ဧပြီ
ဧပြီ ၂၅ ရက်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ် အမှတ်(၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ပြင်ဖြူနယ်မြေရုံးမှ ဒုရဲမှူး ဟန်စိုးနောင် ဦးစီးအဖွဲ့သည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၂) နယ်ခြား စောင့်တပ် Teknaf BOP ကင်းစခန်းမှ Subedar MD.Ebrahim ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့နှင့် စက်တပ်ရေယာဉ် ၂ စီးဖြင့် ရေမိုင်ကင်းလှည့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကညင်ချောင်းချောင်းဝထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၅)မှ မင်္ဂလာကြီးချောင်းဝအနီး ရေမိုင်အမှတ်(၈)အထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ဆောင်ရွက်ခဲ့ကြောင်း www.moha.gov.mm မှ သိရသည်။
MDN


