နေပြည်တော် ၂၆ ဧပြီ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နယ်မြေ(၆) အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ပြင်ဖြူနယ် မြေရုံးမှ ဒုတိယရဲမှူး ဟန်စိုးနောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များက ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၃)ပါ (၂)စီးဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမှတ်(၂)နယ်ခြားစောင့်တပ် Teknaf BOP ကင်းစခန်းမှ Subedar MD.Ebrahim ဦးဆောင်သည့် အဖွဲ့က စက်တပ်ရေယာဉ်(၂)စီးဖြင့်လည်းကောင်း ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် ကညင်ချောင်း ချောင်းဝထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၅)မှ မင်္ဂလာကြီးချောင်းဝအနီး ရေမိုင်အမှတ် (၈)အထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၃) ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


