နေပြည်တော် ၁၉ မတ် 

၂၀၁၉ ခုနှစ်(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

 

1

 

ယနေ့ပြပွဲတွင်   ကျောက်စိမ်းအတွဲ အမှတ် ၄၈၀၁ မှ ၆၀ဝ၀အထိ တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၉၂၄ တွဲကို ယူရိုငွေ ၁၃၇ ဒသမ ၁၃၄ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

 

2

 

ထို့အတူ ယမန်နေ့က ကျောက်စိမ်းအတွဲ အမှတ် ၃၆၀၁ မှ ၄၈၀ဝ အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၉၀၉ တွဲကို ယူရိုငွေ ၄၆ ဒသမ ၇၃၅ သန်းဖြင့် ရောင်းချနိုင်ခဲ့သဖြင့် ယနေ့အထိ ကျောက်စိမ်းအတွဲစုစုပေါင်း ၄၅၂၄ တွဲကို  ရောင်းချရမှုမှ   ယူရိုငွေ  ၄၁၀ ဒသမ ၆၇၁ သန်းရရှိကြောင်း သိရသည်။

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ မတ် ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၆၀ဝ၁ မှ ၆၉၇၃ အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မျက်ရတနာပြပွဲသို့  ပြည်ပရတနာကုန်သည် စုစုပေါင်း ၂၉၁၂ ဦးနှင့် ပြည်တွင်း ရတနာကုန်သည် ၁၆၄၉ ဦး စုစုပေါင်း ရတနာကုန်သည် ၄၅၆၁ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားပြီး ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် အများအပြား တက်ရောက်ခဲ့ကြကြောင်း သိရသည်။        
      
သတင်း- အေးအေးသန့်
ဓာတ်ပုံ- ထိန်နန်နော်