ဇူလိုင် ၂၂

 

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနမှ မီဒီယာကိုယ်စားလှယ် ၁၀ ဦးသည် တယ်ဟုန်မန်စီမြို့ရှိ တယ်ဟုန်ပြည်နယ်ခွဲ မီဒီယာပေါင်းစည်းရေးစင်တာသို့ ဇူလိုင် ၂၂ ရက်က သွားရောက်လေ့လာခဲ့သည်။

 

တယ်ဟုန်ပြည်နယ်ခွဲ မီဒီယာပေါင်းစည်းရေးစင်တာသည် ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာအောက်ရှိ ဌာနခွဲတစ်ခုဖြစ်သည်။ အဆိုပါစင်တာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ခိုင်မြဲစေရန်၊ ပိုမိုရင်းနှီးစေရန်နှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို သိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် “ပေါက်ဖော်” သတင်းစာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အားကစားသတင်းများကို အလေးပေးပြီး တယ်ဟုန်ညီညွတ်ရေး သတင်းစာတိုက်မှ အပတ်စဉ်ထုတ်ဝေလျက်ရှိသည်။ အပတ်စဉ် သောကြာနေ့တိုင်း တယ်ဟုန်ပြည်နယ်ရှိ မြန်မာနိုင်ငံသားအများစုရှိသော နေရာများအပါအဝင် ခြောက်နေရာသို့ အခမဲ့ဖြန့်ဝေလျက်ရှိပြီး တယ်ဟုန်ညီညွတ်ရေး သတင်းစာတိုက်မှ တရုတ်၊ မြန်မာ အပါအဝင် တိုင်းရင်းသားဘာသာစကား ခြောက်မျိုးဖြင့် ဖြန့်ဝေလျက်ရှိကြောင်း လေ့လာသိရှိခဲ့ရသည်။ MDN