နေပြည်တော် ၁ မေ 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၂) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် ထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဘူတာကြီးရှိ ဘဝသံသရာခန်းမ၌ ကျင်းပသည်။

 

0592

 

အခမ်းအနားတွင် မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးက အမှာစကားပြောကြားသည်။

 

0597

 

ထို့နောက် ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဦးသာဦးတို့က တစ်သက်တာ ဂုဏ်ထူး ဆောင်ဆုများ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က အကောင်းဆုံးမီးရထားတိုင်း ပထမ၊ ဒုတိယ၊ တတိယဆုများ၊ မြန်မာ့ မီးရထားဦးဆောင် ညွှန်ကြားရေးမှူးက ရထားမတော်တဆမှုမဖြစ်အောင် ကာကွယ်တားဆီးခဲ့သူများ၊ အထွေထွေမန်နေဂျာများက အကောင်းဆုံး စက်ရုံများ၊ ဘူတာများ၊ ဆေးရုံများကို ထူးချွန်ဆုများ ပေးအပ်သည်။

(သတင်းစဉ်)