နေပြည်တော် ၃  မေ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယနေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ချက် အမှတ် (၂/၂၀၁၉) အား ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာတွင် မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေတ္တ ထိန်းသိမ်းစစ်ဆေးနေစဉ် မေ ၂ ရက် နံနက် ၂ နာရီခန့်တွင် အဆိုပါ ထိန်းသိမ်းထားသူများအနက် အချို့က ညာသံပေး အော်ဟစ်၍ ဝိုင်းဝန်းတိုက်ခိုက်ရန် ကြိုးပမ်းလာကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခုခံကာကွယ်ရန်အတွက် ပစ်ခတ် ထိန်းသိမ်းလူစုခွဲခဲ့ရာ အမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိကာ ၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း၊ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုမဖြစ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်းကောင်း၊ AA အဖွဲ့အနေဖြင့်လည်းကောင်း နှစ်ဖက်စလုံးက ဂရုပြုကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း ဖော်ပြထားသည်။

(သတင်းစဉ်)