နေပြည်တော် နိုဝင်ဘာ ၁၀
နေပြည်တော်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၌ နားခိုလျက်ရှိကြသည့် တပ်မတော်သား အငြိမ်းစားများနှင့် မိသားစုဝင်ဘိုးဘွားများအတွက် မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ငွေကျပ်သန်း၂၀ ပေးအပ်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(ငြိမ်း)က တပ်မတော်သားဖြစ်ခဲ့သူ တစ်ဦးအနေဖြင့် သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းများအား ယခုကဲ့သို့ စောင့်ရှောက်နေသည့် မွန်မြတ်လှသော ပရဟိတလုပ်ငန်းကြီး ဖြစ်တည်လာရခြင်းကို အလွန်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်းနှင့် စွန့်လွှတ်စွန့်စားသူများ၏ ကွန်းခိုရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ အဓွန့်ရှည်တည်မြဲ ရေးအတွက် နှစ်စဉ်လှူဒါန်းသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လှူဒါန်းငွေများကို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌက ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် သိန်းထွန်း(ငြိမ်း)ထံသို့ ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


