မူဆယ် ၃၀ ဧပြီ 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်များဖြစ်ကြသည့် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်း ဦးဆောင်သော အဖွဲ့တို့သည် ယနေ့နံနက် ၇ နာရီခွဲက ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ရွှေလီရတနာဧည့်ရိပ်သာခန်းမတွင် တွေဆုံခဲ့ကြသည်။ 

ထို့သို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုပေးနိုင်မည့် အခြေအနေများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်အဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ်ရေးထိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ KIO၊ MNTJP ၊ ULA ၊ PSLF တို့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) ရေးထိုးရေး ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)