ရန်ကုန် ၃ မတ်
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) စတင်ခြင်း (Strategic Plan 2019-2023 launching) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Pullman Hotel ၌ကျင်းပသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ နယ်ပယ်အတွက်အဓိက အင်အား လက်ရုံးတစ်ခုဖြစ်သော မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းအနေဖြင့် ယခုကဲ့ သို့သော ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် လမ်းပြမြေပုံသဖွယ်ဖြစ်သော “မဟာဗျူ ဟာစီမံကိန်း”ကို ပထမဆုံးအကြိမ်အဖြစ် ချမှတ်ရေးဆွဲခဲ့ခြင်းသည် ကောင်းမွန်ပါကြောင်း၊ ရေးဆွဲထားရှိသော “မဟာဗျူဟာစီမံကိန်း”မှ အဓိကလုပ်ဆောင် သွားရမည့် လုပ်ငန်းစဉ် ဦးတည်ချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် သွားရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သီးခြားတစ်သင်းတစ်ဖွဲ့တည်း ဆောင်ရွက်ခြင်းဖြင့်မဟုတ်ဘဲ လုပ်ငန်းချင်း နှီးနွယ်ဆက်စပ်လျက်ရှိသော အသင်းအဖွဲ့ အားလုံး ချိတ်ဆက်ခြင်း၊ လုပ်ငန်းတာဝန်ခွဲဝေသတ်မှတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့်သာ အောင်မြင်မှုရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် ဌာနခွဲသီးသီးအနေဖြင့် ရေးဆွဲအကောင်အထည်ဖော် လျက် ရှိသော မဟာဗျူဟာများ၊ စီမံကိန်းများနှင့် လုပ်ငန်းစဉ်များလည်းရှိသည်ဖြစ်သဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ရေးဆွဲထားရှိသော “မဟာဗျူဟာစီမံကိန်း” မှလုပ်ငန်းများနှင့်ပတ်သက်၍ နှီးနွယ်ဆက်စပ်လျက်ရှိသော ဌာနများ၊ စီမံချက်များ၊ အသင်းအဖွဲ့များအားလုံး ပါဝင်သော အစည်းအဝေးတစ်ခုပြုလုပ်ကာ ဆွေးနွေးညှိနှိုင်းစေ လိုပါကြောင်း၊ ထိုသို့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုနှင့် ပထဝီ နေရာဒေသအလိုက်လုပ်ငန်းဆောင်ရွက်မှုစသည်တို့၌ တစ်နေရာ တည်း၊ တစ်ခုတည်းတွင် အသင်းအဖွဲ့များမှ ထပ်ခါထပ်ခါဆောင်ရွက်နေမှုမျိုးကို ရှောင်ကြဉ်နိုင်ပြီး လိုအပ်သော လုပ်ငန်းဆောင်ရွက်မှုနယ်ပယ်တွင် ပိုမိုအားဖြည့်ဆောင် ရွက်နိုင်မည်ဖြစ်သဖြင့် ရန်ပုံငွေများကိုလည်း ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ပြုစုထုတ်ဝေထားသော Health Partner’s Profile (2018) တွင်လည်း INGO/ NGO များ၊ အသင်းအဖွဲ့များမှ လုပ်ငန်းကဏ္ဍ အလိုက်၊ လုပ်ငန်းဆောင်ရွက်မှု နေရာဒေသအလိုက် ဆောင်ရွက်နေမှုများပါဝင်ပါကြောင်း။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့်လည်း ကျန်းမာရေးအသိပညာမြှင့် တင်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပိုမိုလက်တွဲဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်း။
အသင်းအဖွဲ့စိတ်ဓာတ်၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက် တတ် သောစိတ်ဓာတ်၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုစသည့် စိတ်ဓာတ် ကောင်းများကို အခြေခံကာလုပ်ငန်းများ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကျန်းမာ ရေးမှူးအသင်း အပါအဝင် ကျန်းမာရေးကဏ္ဍလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်လျက်ရှိသော အသင်းအဖွဲ့များ ပိုမိုတိုးတက်အောင်မြင်ခြင်းဖြင့် ပြည်သူများကျန်းမာ ရေးအတွက်များစွာ အကျိုးရှိမည်ဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဌ ပါမောက္ခဒေါက်တာအက်စ် ကျော်လှ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ပါမောက္ခဒေါက်တာနေဝင်း၊ ကျန်းမာရေးနှင်အား ကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သား ဖွားကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံဆေးဝါးပညာရှင် များအသင်းနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း တို့မှတာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
(သတင်းစဉ်)


