နေပြည်တော် ၃ မေ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌဦးကျော်ကျော်မောင်သည် Krungthai Bank မှ President & CEO ၊ Mr. PayongSrivanich၊ နှင့် ကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးစဉ် လက်ရှိထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြားစီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ Krungthai Bank အနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးနှင့်ဘဏ်လုပ်ငန်းနယ်ပယ်များ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


