မန္တလေး ၂၅ ဧပြီ
မြန်မာနိုင်ငံတွင် စာရင်းအင်းအချက်အလက်ရရှိမှုမှာ ယခင်နှစ်များထက် Open Data Inventory (ODIN) ရမှတ်များ မြင့်တက်လာကြောင်း ဗဟိုစာရင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်ကပြောသည်။
အမျိုးသားစာရင်းအင်းရုံးများနှင့် စာရင်းအင်းအချက်အလက် အသုံးပြုသူများကြား စာရင်းအင်းအချက်အလက် ကွာဟချက်များကို သတ်မှတ်ပေးခြင်း၊ Open Data Policies များကို မြှင့်တင်ပေးခြင်းတို့ကို အကဲဖြတ် သုံးသပ်ပေးသည့် Open Data Inventory (ODIN) 2017 Annual Report တွင် နိုင်ငံပေါင်း ၁၈၀ နိုင်ငံ ရှိသည့်အနက် မြန်မာနိုင်ငံအနေဖြင့် ODIN Score 39 ရရှိခဲ့ပြီး 2018 ခုနှစ်တွင် ODIN Score 47 သို့ မြင့်တက်လာခဲ့ ကြောင်းသိရသည်။
"စာရင်းအင်းအချက်အလက်ရရှိမှုမှာ ယခင်နှင့် နှိုင်းယှဉ်လျှင် Score မြှင့်တက်လာခဲ့ပါတယ်'' ဟု ဗဟိုစာရင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်ကပြောသည်။
ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် စာရင်းအင်းအချက်အလက်များအား ပုံနှိပ်ထုတ်ဝေခြင်း၊ Data Bases တည်ဆောက်ခြင်း၊ Web Services တို့ကိုအသုံးပြု၍ ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များမှ စာရင်းအင်းများကို Data Communication Network များ တည်ဆောက်၍ စုစည်းလျက်ရှိပြီး www.mmsis.gov.mm/www.csostat.gov.mm တွင် လူမှုစီးပွားရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ လစဉ်ငွေကြေး ဖောင်းပွမှုနှုန်း အစီရင်ခံစာများ၊ ပို့ကုန်၊ သွင်းကုန် အခြေအနေ၊ နှစ်ပတ်လည်စာရင်းအင်းစာစောင် (Statistical YearBook) များ၊ သုံးလပတ် စာရင်းအင်းစာစောင် (Quarterly Statistics Bulletin) များ၊ မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း (၂၀၁၇) အဓိက ညွှန်းကိန်းများ အစီရင်ခံစာ နှင့် စီမံ/ဖွံ့ဖြိုးဂျာနယ် အစရှိသည်တို့ကို ထုတ်ပြန်ထားကြောင်း သိရသည်။
၂၀၁၈ ခုနှစ် နှစ်ပတ်လည်စာရင်းအင်းစာစောင်ကို ထုတ်ပြန်ထားပြီး သုံးလပတ်မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလျက်ရှိရာ ဗဟိုစာရင်းအင်းအဖွဲ့အနေနှင့် စာရင်းအင်းစာစောင်များတွင် အစိုးရကဏ္ဍ (Public Sector) နှင့်ဆိုင်သည့် စာရင်းအင်းများသာမက ပုဂ္ဂလိကကဏ္ဍ (PrivateSector)နှင့်ဆိုင်သည့် စာရင်းအင်းများလည်း ထည့်သွင်းထားကြောင်းသိရသည်။
ဗဟိုစာရင်းအင်းအဖွဲ့သည် အချက်အလက်အသုံးပြုသူများမှ အီးလ်မေးဖြင့် တောင်းဆိုခြင်း၊ တရားဝင်စာများဖြင့် တောင်းဆိုခြင်းများကိုလည်း ထောက်ပံ့ပေးလျက်ရှိပြီး နိုင်ငံတကာ ပြည်ပအဖွဲ့အစည်းများမှတောင်းဆိုသည့် စာရင်းအင်းအချက်အလက်များ အာဆီယံစာရင်းဌာနမှ တောင်းဆိုသည့် စာရင်းအင်းအချက်အလက်များကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အိမို့မို့ခိုင်


