ရန်ကုန် ဇန်နဝါရီ ၁၆
ရာသီဥတုသုံးမျိုးကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံတွင် ရေခဲပြင်များဖုံးလွှမ်းရာ မြန်မာပြည် မြောက်ဖျားပိုင်း ရေခဲတောင်ဂေဟစနစ်တွင် ဆေးဖက်ဝင်အပင် ၂၄ မျိုး ရှင်သန်ပေါက်ရောက်လျက် ရှိသည်။
မြန်မာပြည်မြောက်ဖျားပိုင်း ရေခဲပြင်များဖုံးလွှမ်းရာ ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီရေခဲ တောင်ပေါ်တို့တွင် နိုင်ငံခြားဆေးနှင့် တိုင်းရင်းဆေးတို့တွင် အသုံ ပြုလျက်ရှိသည့် ရှီးပဒီး၊ ဆေးပိန်းဥ၊ နှင်းကြာပန်း၊ မချစ်ဥ၊ ဂူရှား၊ ဂျင်ဆင်း၊ အဆိပ်ဥ၊ ခမ်းတောက်မြစ် စသည့် ဆေးဖက်ဝင် အပင်မျိူးစိတ် များ ရှင်သန်ပေါက်ရောက်လျက်ရှိကာ ခန္ဓာဗေဒဆိုင်ရာ ဖြစ်ပွားလေ့ရှိသည့် ကင်ဆာ၊ အဆုတ်၊ အသဲ၊ ကျောက်ကပ်၊ အစာအိမ်၊ နှလုံး၊ ဆီးချို၊ သွေးတိုးနှင့် နာတာရှည် ရောဂါအပါအဝင် ရောဂါမျိုးစုံအတွက် အသုံးဝင်သည့် ဆေးဖက်ဝင် အပင်၊ ဥ၊ အမြစ်များအဖြစ် အသုံးပြုလျက် ရှိသည်။
အဆိုပါ ဆေးဖက်ဝင် အပင်မျိုးစိတ်များကို ပေပေါင်း ၁၉၂၉၆ ကျော်မြင့်ပြီး ဧက ၉၄၂၀၈၀ ကျယ်ဝန်းသော ခါကာဘိုရာဇီ ရေခဲတောင်ဧရိယာနှင့် အခြားသော ရေခဲတောင်များပေါ်တွင် တွေ့ရှိရလေ့ရှိပြီး အထူးသဖြင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်း အများဆုံး ရှင်သန်ပေါက် ရောက်လျက်ရှိကာ ဒေသခံများက ဆေးဖက်ဝင် အပင်မျိုးစိတ်များကို တိုင်းရင်းဆေးအဖြစ် အသုံးပြု ကြသည့်အပြင် တရုတ်နိုင်ငံသို့ အများဆုံး ပို့ဆောင်ရောင်းချလေ့ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကိုလွင်
သတင်း - ဥဿ


