မန္တလေး ၅ မတ်
ယခုနှစ် မန္တလေးမဟာသင်္ကြန်တွင် ကျုံးဘေးပတ်လည်၌ ရေကစားမဏ္ဍပ်များ ဆောက်လုပ်ရန် မဏ္ဍပ်နေရာ ၂၇ ခု သာချထားပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။
ယင်းရေကစား မဏ္ဍပ်များကို ကျုံးအနောက်ဘက် လမ်း ၈၀ (၂၆ လမ်း မှ ၁၂ လမ်း အထိ) တွင် နေရာ ၁၇ ခု နှင့် ကျုံးမြောက်ဘက် ရှိ ၁၂ လမ်း (၇၆ လမ်း နှင့် ၆၆ လမ်း အထိ)တွင် ၁၀ ခု၊ စုစုပေါင်း ၂၇ နေရာကို အိတ်ဖွင့်လေလံစနစ်ဖြင့် ချထားပေးသွားမည် ဖြစ်သည်။
" အခြေခံ လေလံကြမ်းခင်းဈေးက ကျုံးရဲ့ အနောက်ဘက် နေရာကို သိန်း ၁၀ဝ နဲ့ မြောက်ဘက် နေရာကို သိန်း ၈၀ သတ်မှတ်ထားတယ် ။ အိတ်ဖွင့်လေလံ အတွက် လျှောက်လွှာတွေကို လျှောက်ထားခြင်းအတွက်က မတ်လ ၄ ရက် မှ ၁၁ ရက် အထိ လက်ခံသွားမှာပါ ။ " ဟု စည်ပင် အခွန်ဌာနမှုး ဦးသက်နိုင်က ပြောသည်။
ယခင်နှစ်သင်္ကြန်တွင် ကျုံး၏ အရှေ့ဘက်ရှိ မဏ္ဍပ်နေရာ ၁၀ ခု နှင့် အနောက်ဘက်ရှိ မဏ္ဍပ်နေရာ ၁၀ ခု ကိုသာ လာရောက်လေလံဆွဲသူရှိခဲ့ပြီး ရေကစား မဏ္ဍပ်နေရာ ၂၀ ခု အတွက် လေလံရရှိငွေသည် ငွေကျပ် သိန်း ၁၂၁၁ သိန်း ကျော် ရရှိခဲ့ကြောင်း မန္တလေးသင်္ကြန်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မှတ်တမ်းများအရ သိရသည်။
သူရိန်လင်း


