မန္တလေး ၄ မတ်လ 

 

မန္တလေးမဟာသင်္ကြန်တွင် မဏ္ဍပ်များ၌မူးယစ်ဆေးသုံးစွဲမှုရောင်းဝယ် ဖောက်ကားမှုများမပြုလုပ်စေရန် အရပ်ဝတ်များဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်းမူးယစ်တပ်ဖွဲ့စု ၁၈ မှသိရသည်။

 

မန္တလေးသင်္ကြန်ကာလအတွင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းစေရန် မန္တလေးကျူံးပတ်လည်ရှိ  မဏ္ဍပ်များ၊ စားသောက်ဆိုင်များနှင့် ဆေးဆိုင်များ စသည့်နေရာများတွင်အပ်ဝတ်များဖြင့် စုံစမ်းစစ်ဆေး သွားမည်ဖြစ်သည်။

 

"မူးယစ်ဆေးက လူတိုင်းမသုံသင့်တဲ့အရာပါ သင်္ကြန်ကာလအတွင်းဆိုတော့ စိတ်ကြွဆေးတွေက လူကို အန္တရာယ်ဖြစ်စေတယ်။ အဲ့ဒါတွေသုံးစွဲပြီး ခိုက်ရန်ဖြစ်ပွားမှုတွေ ဘာတွေဖြစ်နိုင်တယ် ။ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်သွားမလဲဆိုတော့ အရပ်ဝတ်တွေနဲ့စုံစမ်းစစ်ဆေးသွားမှာပါ"ဟု ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

 

ိိ

 

 

ထို့ပြင်မန္တလေးမြို့သင်္ကြန်တွင် မူးယစ်ဆေးဝါးများကင်းရှင်းစေရန်အတွက် ဟောပြောပွဲများပြုလုပ်သွားမည် ဖြစ်သည်။

 

"ကျွန်တော်တို့ အဖွဲ့တစ်ဖွဲ့တည်းမဟုတ်ပါဘူး အခြားအဖွဲ့တွေနဲ့ပူးပေါင်းပြီး မန္တလေးသင်္ကြန်မှာ စစ်ဆေးမှုတွေပြုလုပ်သွားမှာပါ သင်္ကြန်တွင်းတစ်တွင်းလုံး စစ်ဆေးမှုတွေပြုလုပ်သွားမှာပါ"ဟု ၎င်းကပြောသည်။

 

ကုလသမဂ္ဂ ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ UNDOC ကမြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စိတ်ကြွဆေးဝါးအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၂၀၁၅ခုနှစ်က ထုတ်ပြန်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများသည် နိုင်ငံတကာသဘောတူစာချူပ်ပါအချက်များကို အပြည့်အဝလိုက်နာ ဆောင်ရွက်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

 

သူရိန်လင်း