နေပြည်တော် နိုဝင်ဘာ ၁၂

 

မန္တလေးမြို့ နန်းမြို့တွင်းရှိ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၏ မိဘ ဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

 

ဦးစွာ ကျောင်းသား ကျောင်းသူများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးက အမှာစကားပြောကြားပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရရှိကြသူများ၊ ပညာရည်ချွန်ဆုရရှိကြသူများနှင့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများနှင့် ကာယ၊ ဉာဏပြိုင်ပွဲများ တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်