မန္တလေး၃ မေ

 

မန္တလေးမြို့  မြို့တည်နှစ်  နှစ် ၁၆၀ ပြည့် အခမ်းအနားပွဲကို ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော်များက ဦးဆောင်ကာ မေလ ၂၄ ရက် မှ ၂၆ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးမြို့ကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မင်းတုန်းမင်းက  မြို့တည်ခဲ့ခြင်းဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်(၂၀၁၉) ၌ နှစ်ပေါင်း (၁၆၀) ပြည့်ပြီဖြစ်သည်။

 

" အနွယ်တော်များအနေနဲ့က ဆယ်နှစ်မှာ တစ်ကြိမ် လုပ်ဆောင်ရန် ရည်ရွယ်ထားတာကြောင့် လုပ်ဖြစ်တာပါ။ နောက်ပြီး မန္တလေးရဲ့မြို့တည်နန်းတည်ကို အမှတ်ရနေစေဖို့ မြို့မိမြို့ဖတွေနဲ့တိုင်ပင်ပြီးတော့ ဆက်လုပ်သွားချင်တဲ့သဘောပါ။ ဒါကအနွယ်တော်တွေနဲ့တင်ဆိုင်တာမဟုတ်ပဲနဲ့ ပြည်သူတွေနဲ့လည်း ဆိုင်ပါတယ်။ " သီပေါမင်း၏ မြစ်တော် ဦးစိုးဝင်း က ပြောသည်။

 

မန္တလေး နှစ် ၁၆၀ ပြည့်ပွဲ၌  မေလ ၂၄ ရက်တွင် နန်းတော်တွင်း၌ ဆွမ်းကပ်ခြင်း ၊ မေလ ၂၅ ရက် တွင် ဆရာတော် သံဃာတော် အပါး (၁၆၀) အား ဆွမ်းလောင်းခြင်းနှင့် မေလ ၂၆ ရက်နေ့ ကျင်းပမည်အစီအစဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးမြို့ နှစ် (၁၅၀) ပြည့်ပွဲတော်တွင် ကျုံးတောင်ဘက်၌ မဏ္ဍပ်ဆောက်လုပ်၍ ဝင်းခင်းခြင်း၊ ရိုးရာ အားကစားပွဲများ၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရုပ်သေးပွဲများအပြင် ပန်းချီပြပွဲ၊ ဓာတ်ပုံပြပွဲ၊ ရွှေချည်ထိုးပြပွဲ၊ မြန်မာမှုလက်ရာ ပြပွဲနှင့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ ထည့်သွင်းကျင်းပခဲ့ကြသည်။

 

သူရိန်လင်း

 

ge 000_Del