မန္တလေး ၂၅   မတ် 

 

၁၃၈၀ ခုနှစ် မန္တလေးမြို့တော်မဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားတွင် ကပြဖျော်ဖြေမည့် မန်းစည်ပင်မှ လှပျိုဖြူများနှင့် ကျောင်းသူများ ကကွက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ၁၂နာရီအထိ ချမ်းအေးသာစံမြို့နယ် ၂၆x၂၇ လမ်းကြား ၇၁လမ်းရှိ မန္တလေးမြို့တော်ခန်းမတွင် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။ 

 

ထိုသို့ လေ့ကျင့်ရာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ အကနည်းပြ ဒေါ်ထိပ်တင်နှင်းက ဦးဆောင်၍ မန်းစည်ပင်ဌာနအသီးသီးမှ လှပျိုဖြူများ၊ အခြေခံပညာကျောင်း (၁၀) ကျောင်းမှ ကျောင်းသူ ၅၀ဝ ကိုယ်စား ကျောင်းသူ ၂၀ဝ ခန့် တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကပြဖျော်ဖြေမည့် မန်းတောင်ရိပ်ခိုသီချင်းနှင့် အောင်မြင်ပါစေ မြန်မာပြည် တေးသီချင်းများအတွက် ကကွက်များ စတင်လေ့ကျင့် သင်ကြားပေးခဲ့သည်။ 

 

ယင်းသို့ကကွက်လေ့ကျင့်ခဲ့သည့် ကျောင်းသူများသည် သက်ဆိုင်ရာကျောင်းများ၌ တစ်ဆင့်ပြန်လည် လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကာ ဧပြီလ ၆ရက် မွန်းလွဲပိုင်းက စုပေါင်းကကွက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်းနှင့် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား၌ မန်းစည်ပင် ဌာနအသီးသီးမှ လှပျိုဖြူများအပြင် အောင်မြေသာစံမြို့နယ်မှ (၄)ကျောင်း၊  ချမ်းအေးသာစံမြို့နယ်မှ (၃)ကျောင်း၊  မဟာအောင်မြေမြို့နယ်မှ (၃)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း (၁၀)ကျောင်းမှ တစ်ကျောင်းလျင် ကျောင်းသူ ၅၀ စီဖြင့် ၅၀ဝ ပါဝင် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ 

 

တင်မောင်(မန်းကိုယ်ပွား)

 

န