နေပြည်တော် မေ ၅
အင်အားပြင်း မန္တလေးငလျင်ကြီး ဘေးသင့်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မုန်းဝန်းဗမာတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးသီဟလွင် ဦးဆောင်သည့် အဖွဲ့ဝင်များက ငွေကျပ်သိန်း ၂၀၀ ကို ယနေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


