မန္တလေး ၇ မတ်
မန္တလေးသသင်္ကြန်ပွဲတော်တွင် လက်တွန်းလှည်း၊ ဗန်းရွက်ရောင်းချသူမျာအား ဈေးရောင်းချခွင့် လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်မရှိဘဲရောင်းချသည့် ဈေးသည်များအား အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
၂၀၁၉ ခုနှစ် မန္တလေးသင်္ကြန်ပွဲတော်တွင် ကျုံးပတ်လည်မှာရောင်းချမည့် လက်တွန်းလှည်း၊ ဗန်းရွက်ရောင်းချသူမျာအား လိုင်စင်ထုတ်ပေးမည် ဖြစ်သည်။
"လက်တွန်းလှည်း၊ ဗန်းရွက်ရောင်းချသူတွကို လိုင်စင်ထုတ်ပေးမယ်။ သတ်မှတ်ထားတဲ့နေရာအတွင်း ရောင်းချဖို့ စနစ်တကျနေရာချထားပေးမှာ ဖြစ်ပါတယ်'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် ကပြောသည်။
သင်္ကြန်ပွဲတော်ကာလတွင် လက်တွန်းလှည်း၊ ဗန်းရွက်ရောင်းချသူများအား လိုင်စင်ရှိမရှိ စစ်ဆေးမည်ဖြစ်ပြီး လိုင်စင်မရှိပါက ဒဏ်ရိုက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်မန္တလေးသင်္ကြန်တွင် လမ်းလျှောက်သင်္ကြန် ဧရိယာတိုးချဲ့ကျင်းပမည်ဖြစ်ပြီး နေ့ညရောင်းချနိုင်မည့် တေသင်္ကြန်ဈေးလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


