မူဆယ်  ၆ မတ် 


ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်ခရိုင်တွင် ယနေ့နံနက်မှ စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းတွင်းဖြေ၊ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၇၆ ဦး ရှိကြောင်း သိရသည်။

 

1


မူဆယ်မြို့တွင် ယခင်နှစ်က စာစစ်ဌာန နှစ်ခုဖွင့်လှစ်ခဲ့ရာ ယခုနှစ်တွင်စာစစ်ဌာန တစ်ခု ထပ်မံတိုးချဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုရာတွင် ပိုမိုအဆင်ပြေသွားကြောင်း သိရသည်။ အဆိုပါစာစစ်ဌာန သုံးခုတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်ရေး စခန်းလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။


ဆိုင်ဖြူ(မူဆယ်)

 

1