မြဝတီ နိုဝင်ဘာ ၉
ကရင်ပြည်နယ် မြဝတီမြို့တွင် ဆရာ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။
ပြန်လည်ဆွေးနွေး
ဆက်လက်ပြီး ခရိုင်ဥပဒေအရာရှိ ဦးဝင်းရှိန်နှင့် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အခြေခံသဘောတရားများကို အလွယ်တကူနားလည်စေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်းချက်များကို စိတ်ဝင်စားပြီး ထပ်မံလေ့လာလိုစိတ်များ တိုးပွားစေမည့် အချက်များကို လည်းကောင်း၊ နိုင်ငံသားတစ်ဦး၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရမည့် အချက်များကို လည်းကောင်း၊ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအရင်းအမြစ်များ ဆိုင်ရာများကို လည်းကောင်း၊ ရာဇသတ်ကြီးနှင့် အထူးဥပဒေပါ ပြဋ္ဌာန်းချက်များပါ အခြေခံ သဘောတရားများတွင်ပါဝင်သည့် သိရှိလိုက်နာရမည့် အချက်များကိုလည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် အထက်တန်း(ပြ ) ဆရာ ဆရာမများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


