ရန်ကုန် ၂၆ မတ်
နော်ဝေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein နှင့်အဖွဲ့သည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည်။
ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
မွန်းလွဲပိုင်းတွင် နော်ဝေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း၊ Sule Square တာဝါရှိ တယ်လီနောမြန်မာရုံးသို့ ရောက်ရှိလေ့လာပြီး တယ်လီနောမြန်မာရုံးမှ တာဝန်ရှိသူများ၊ နော်ဝေနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံသည်။
(သတင်းစဉ်)


