နေပြည်တော် ၁ မေ 

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် တက်ရောက်သည်။

 

ddw

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဌက မွေးမြူရေးနှင့်အသက်မွေးသူပြည်သူများ၏ လူမှုစီးပွား ဘဝနှင့် ဝင်ငွေတိုးတက်လာရေး၊ မြို့ပြနှင့်ကျေးလက် လူနေမှုစနစ်ကွာဟမှုလျော့ကျရန်အတွက် ရန်ပုံငွေ ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုက်နာရန်စည်းကမ်းများကိုရှင်းလင်း ပြောကြားသည်။ 

 

ထို့နောက် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က အမှာစကားပြောကြားပြီး နေပြည်တော် မွေးမြူရေးနှင်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာကျော်ဝင်းက ရန်ပုံငွေ လွှဲပြောင်းပေး အပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

တတန

 

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီတို့မှ ရန်ပုံငွေလွဲပြောင်းပေးအပ်မှု သဘောတူစာချုပ်ချုပ်ဆိုပြီး နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကျပ်သိန်း ၃၀ဝ အား ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်သည်။ 

 

မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာ ရန်ပုံငွေများပေးအပ်ရာတွင်  လူတစ်ဦးလျှင် နွားတစ်ကောင်နှုန်း မွေးမြူနိုင် ရန်အတွက် နွားတစ်ကောင်လျှင်ငါးသိန်းနှုန်းဖြင့် စုစုပေါင်းလူဦးရေ (၆၀)အတွက် ပေးအပ်ခြင်းဖြစ်သည်။

 

တတန

 

အခမ်းအနားပြီးတွင်  နေပြည်တော်ကောင်စီဥက္ကဌသည် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နေပြည်တော်ကောင်စီမှ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ဒေသခံ ပြည်သူများ၏ လယ်ယာမြေစိုက်ပျိုးနိုင်ရေး၊ ပုံစံ(၇)ရရှိရေး၊ လမ်း၊ တံတား လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်  ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘုရားတောင်-ပိုတက်-တက်ရှိန်း-သရက်တော အရှည်(၃)မိုင်၊ အကျယ်(၁၈)ပေရှိ ကျေးရွာ ချင်းဆက်လမ်းခင်းကျင်းနေမှု၊ နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မသိမ်ကျေးရွာအနီး ချောင်းမကြီးချောင်း ကွန်ကရစ်တံတား တည်ဆောက်နေမှုနှင့် မသိမ်ကျေးရွာနှင့် ပိုးစားတော ကျေးရွာကြား ချောင်းမကြီးချောင်း ကွန်ကရစ်တံတား တည်ဆောက်နေမှု၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပိုးစားတောကျေးရွာ ကုန်ထုတ်လမ်း အရှည် (၁ ဒသမ ၄၃၉)မိုင် ရိစာလမ်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။ 

 

(သတင်းစဉ်)

 

ိ္ါတမ