နေပြည်တော် ဩဂုတ် ၁၀
နေပြည်တော်၌ နိုင်ငံခြားသား မှတ်ပုံတင်ခြင်း လုပ်ငန်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ ဦးစီးမှူး ဦးကျော်သိန်းဆိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နှစ်ရက်ကြာ စာတွေ့ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ရာ နေပြည်တော်ရှိ ခရိုင်/မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


